ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Sunday, October 23, 2011

(၃၂) ကြိမ်မြောက် ဂျပန်တွင် အခြေချနေထိုင်သည့်ဒုက္ခသည်များ ယဉ်ကျေးမှုပွဲတော်

(၃၂) ကြိမ်မြောက် ဂျပန်တွင် အခြေချနေထိုင်သည့်ဒုက္ခသည်များ ယဉ်ကျေးမှုပွဲတော်
(၂၃-၁၀-၂၀၁၁)



(၃၂) ကြိမ်မြောက် ဂျပန်တွင် အခြေချနေထိုင်သည့်ဒုက္ခသည်များ ယဉ်ကျေးမှုပွဲတော် ကို တိုကျိုမြို့ Shinjuku မြို့
Shinjuku Bunka center ခန်းမတွင် ၂၃-၁၀-၂၀၁၁ နေ့တွင်ကျင်းပ ပါသည်၊ အခမ်းအနားကို နေ့လည် ၁ နာရီ မှ ညနေ
၎း၄၀ အထိ နှစ်ပိုင်း ကျင်းပသည် ပထမပိုင်းတွင် စီစဉ်သူ အာရှလူမှုဖေါင်ဒေးရှင်းဥက္ကဌ နှင့်Shinjuku မြိုနယ်အုပ်ချုပ်ရေး
မှုး တို့မှ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာန၊တရားရေးနှင့်လုဝင်မှုကြီးကြပ်ရေးဌာန၊UNHCR ဂျပန် ကိုယ်စားလှယ် တို့မှနှုတ်ဆက်
စကားပြောကြားပြီးကျေးဇူးတင်မှတ်တမ်းလွှာပေးအပ်ခြင်းနှင့်ဆုလက်မှတ်ပေးအပ်ခြင်းကို ဒုက္ခသည် အလုပ်အကိုင်ဌာန မှ ၁ ဦး ကူညီထောက်ပံသူ ၆ ဦး စံပြအခြေချဒုက္ခသည် ၃ဦး တို့ပေးအပ်ပါသည်၊ထိုနောက် ကိုယ်စားလှယ် အသီးသီး မှနှုတ်ဆက်စကားပြောကြားပြီးပထမပိုင်းအစီစဉ်ကို ရပ်နားလိုက်ပါသည်
ဖျော်ဖြေရေးအစီအစဉ် ကို နေ့လည် ၂း၀၀ တွင်စတင်ပါသည် ဘင်ခရာအဖွဲ့၊ ဂျပန်ရိုးရာအက(SAN BA SOU) အက
ကွန်ဗင်းရှင်း ဒုက္ခသည်များ ရိုးရာအက မြန်မာ (AUN-Japan)၊ကမ္ဘောဒီးရား၊လာအို့စ်၊ဗီယက်နမ် တို့မှ၎င်း ကိုဘူရီနာ ဆပ်ကပ်အဖွဲ့ မှ အသီးသီးဖျော်ဖြေကြပြီးစီစဉ်သူ အာရှလူမှုဖေါင်ဒေးရှင်းဥက္ကဌ မှကျေးဇူးတင်စကားပြောကြားပြီး
မွေးရပ်မြေ (FURUSATO) သီချင်းကိုသံပြိုင်သီဆိုပြီးအခမ်းအနား ကို ရုပ်သိမ်းလိုက်ပါသည်

News & Photo By Thar Htet (BCJP)

Twitter Delicious Facebook Digg Stumbleupon Favorites More