ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Monday, September 19, 2011

SAVE THE IRRAWADDY ဟောပြောပွဲ အခမ်းအနား တိုကျို-ဂျပန် (၁၉-၉-၂၀၁၁)

SAVE THE IRRAWADDY ဟောပြောပွဲ အခမ်းအနား တိုကျို-ဂျပန် (၁၉-၉-၂၀၁၁)


ဧရာဝတီကိုကာကွယ်ကြစို့အကြောင်းဟောပြောပွဲကို ဂျပန်နိုင်ငံ တိုကျို အိုးစုကရှိ မီနာမီအိုးစုက ခန်းမတွင်ယနေ့၁၉-၉-၂၀၁၁ တွင် Network For Democracy In Burma (NDB) မှဦးဆောင်ကျင်းပ ပါသည်၊ယင်းအခမ်းအနားတွင် ဂျပန်နိုင်ငံ ရှိ ဒီမိုကရေစီအင်အားစုများနှင့်ဧရာဝတီအကြောင်းကိုစိတ်ဝင်စားသောမြန်မာနိုင်ငံသားများတက်ရောက်ကြပါသည်၊အခမ်းအနားကို နေ့လည် ၁ နာရီမှညနေ ၅ နာရီ အထိကျင်းပပါသည်၊တက်ရောက်လာသော နိုင်ငံရေးအဖွဲ့အသီးသီးမှတာဝန်ရှိသူများမှလက်ရှိဧရာဝ  တီမြစ်စုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍အနာဂတ်၏ဖြစ်ပေါ်လာမည့်သဘာဝပတ်ဝန်းကျင်ဆုံးရှံးခြင်း၊ယဉ်ကျေးမှုအစဉ်လာပျောက်ဆုံးပျက်စီးမှုများကို၎င်း၊တရုပ်နိုင်ငံ၏ကျုးကျော်မှု၊လူအခွင့်ရေးချိုးဖောက်မှု များကိုဆွေးနွေးတင်ပြကြပါသည်၊၊SAVE IRRAWADDY နှင့်ပတ်သက်၍
ဧရာဝတီsign campaign နှင့် T shirt campaignများပြုလုပ်ပြီးရှေ့ဆက်စစ်အစိုးရ နှင့်တရုပ်အစိုးရ အကျိုးစီးပွားအတွက်ပြုလုပ်မည့် ဧရာဝတီ ရေကာတာဆောက်လုပ်ရေးကိုကန့်ကွက်ရန်နှင့်တစ်မျိုးသားလုံး၏အရေးအသွင်ဖြင့်   နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ရန်ပြောကြားပြီးအခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်၊
ဧရာဝတီအကြောင်းကိုစိတ်ဝင်စားသူများအင်အား ၁၀၀ ခန့်တတ်ရောက်ကြပါသည်။
                           News& Photo by Thar Htet (bc.info)

Twitter Delicious Facebook Digg Stumbleupon Favorites More