
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်။
ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ၍ တိုကျို Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပြီး ရွှေဝါရောင် တော်လှန်ရေးတွင် မတရား ဖမ်းဆီး ခံထားရသော သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ချက်ခြင်း ရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။
photo by Thein Win (BRSA)

9:56 AM
zarni


