ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Sunday, September 18, 2011

၂၃ နှစ်မြောက် စစ်အာဏာသိမ်း အခမ်းအနား တိုကျို

၂၃ နှစ်မြောက် စစ်အာဏာသိမ်း အခမ်းအနား တိုကျို
(၁၈-၉-၂၀၁၁)။


(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို ရှိနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီ အထိ ကျင်းပပြု လုပ်ပြီး စစ်အာဏာ သိမ်းခဲ့သည့် ၂၃ နှစ် ပြည်ခဲ့ပြီ ဖြစ်သော်လည်း အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုများ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ ယနေ့ချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သား ဟန်ပြ အစိုးရတရပ် ပြောင်းလဲသွားသော်လည်း ယနေ့ချိန်ထိ စစ်ကျွန်ဘ၀မှ လွှတ်မြောက်ခြင်း မရှိသေးကြေင်းတိုင်းရင်းသားများဒေသ အသီးသီး၌ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများအားလည်း ဆက်လက် ဖမ်းဆီး ထိမ်းသိန်းထားဆဲ ဖြစ်ကြောင်း
ယင်းအခမ်းအနားကို ဂျပန်နိုင်ငံ ရှိ ဒီမိုကရေစီအင်အားစုများ၊မြန်နိုင်ငံသားများပါဝင်ကြပါသည် အာဏာသိမ်းအခမ်းအနားတွင် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများကို၎င်း၊တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသားလွပ်မြောက်
ရေးအတွက်၎င်းအစီုးရသစ်၏နိုင်ငံရေးအခြေအနေနှင့်ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်တရုပ်နိုင်ငံ၏ကျုးကျော်မူများ
ကိုပြောကြားပါသည်။အဆိုပါအခမ်းအနားတွင် ဂျပန်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့စည်းအသီးသီးမှတာဝန်ရှိသူ
များမှ၎င်းဂျပန်NGO အဖွဲ့စည်းမှ၎င်းမြန်မာနိုင်ငံ၏အခြေအနေများကိုတင်ပြပြောကြားကြပါသည်
အာဏာသိမ်းအခမ်းအနားကို နိုင်ငံရေးအဖွဲ့စည်းများ၊မြန်မာနိုင်ငံသားများစုစုပေါင်း အင်အား ၂၀၀ ခန့်တတ်ရောက်ကြပါသည်
News and Photo thar htet  (BC.INFO)

Twitter Delicious Facebook Digg Stumbleupon Favorites More