ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Wednesday, August 8, 2012

zarni

Friday, August 3, 2012

Ishinomaki sunami

Wednesday, February 1, 2012

မြန်မာပြည်ကို ပြန်လာချင်ရင် ပြန်လာနိုင်တယ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်နှင့် မေးမြန်းချက်

မြန်မာပြည်ကို ပြန်လာချင်ရင် ပြန်လာနိုင်တယ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်နှင့် မေးမြန်းချက်

ကိုမိုးသီးဇွန် ခင်ဗျား ဇန်န၀ါရီလ ၁၄ ရက်နေ့က ဒုတိယ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုက ခင်ဗျားနဲ့ ဒေါက်တာစိန်ဝင်း ကို မြန်မာပြည်ကို ပြန်လာချင်ရင် လာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြော ချင်ပါသလဲ။
ဟုတ်ကဲ့။ ကျနော်ကို ပြန်လာနိုင်ပါတယ်လို့ ဖိတ်ခေါ်သွားတဲ့ ဦးကိုကို ကို ကျေးဇူးတင်ပါတယ်။ ကျနော်အပါအ၀င် ပြည်ပ ရောက် ၈၈ မျိုးဆက်များ၊ ပြည်ပရောက်မြန်မာ နိုင်ငံသား ဒီမိုကရေစီအင်အားစုများဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန် လည်ထွန်းကားရေး၊ လူအခွင့်အရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့အ တွက် နှစ်ပေါင်းများစွာ ကြိုးပန်းဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ကိုယ်နိုင်ငံကိုကိုယ်ပြန်ပြီး တိုင်းကျိုးပြု ပြည်ကျိုးပြု ဆောင်ရွက်လိုသူများ ဖြစ်ပါတယ်။ အားလုံး လူ့ဂုဏ်သိကာရှိရှိ ပြန်လာနိုင်ဖို့ အတွက် လက်ရှိအစိုးရက တ ရားဝင်ဖိတ်ခေါ်မှုတွေ စီမံဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ကျနော် တိုက်တွန်းလိုပါတယ်။
ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေသူတွေ၊ ဒုက္ခသည်စခန်းမှာ တသိန်းကျော်ရှိနေတဲ့ မြန်မာပြည်သားတွေ၊မလေးရှားမှာ ဒုက္ခသည်လျောက်ထားသူ ၅ သိန်းရှိတယ်။ တသိန်းကျော်က ကုလသမဂ မဟာမင်းကြီးရုံးက တရားဝင် အသိမှတ်ပြုပြီး သားတွေလို့သိရတယ်။ ဂျပန်မှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေတယ်။ ဒီလူတွေဟာ သူတို့ မွေးရာနိုင်ငံကို ဘယ်တော့ ပြန်နိုင်မလဲ။ သူတို့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်မှ တိုင်းပြည်ဟာ တိုးတက်မယ်၊ ကြီးပွားမယ် ဆိုတာကို ပြောခဲ့သူတွေ၊ လုပ်ခဲ့သူတွေ ယုံကြည်ခဲ့သူတွေပါ။ ဒီလိုပြောခဲ့သူတွေကို အစိုးရက ကျေးဇူးတင်ရမှာပါ။ သူတို့ ရဲ့ကြိုးပန်းမှု၊ စွန့်လွတ်မှုတွေကို အသိမှတ်ပြုရမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို သူတို့တတ်အားသရွေ့ ဆောင်ရွက်နိုင်သူတွေပါ။ သူတို့နဲ့ စေ့စပ်ဖို့ ပြန်လာနိုင်ဖို့ သူတို့ဘ၀တွေ ပြန်လည်တည်ဆောက် နိုင်ဖို့ စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့အစိုးရက ဖိတ်ခေါ်မှု ကမ်းလှမ်းမှုတွေလုပ်လာရင် ကိုမိုးသီးက ပြန်မှာလား။
မြန်မာပြည်က တကယ်ပဲပြောင်းလဲပြီလား၊ ပြောင်းလဲမှုလမ်းစပေါ်ရောက်ပြီလား။ တိုးတက်ပြောင်းလဲမှုဖက်ကို ဦးတည် နေပြီလားဆိုတာ ကျနော် သိချင်ပါတယ်။ရောမမြို့ကြီးကို တနေ့တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ကျနော်မျက်စိနဲ့ မြင်ချင်တယ်။
မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်နေချိန်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်မှုရှိရေး၊ လူတိုင်း ပါဝင်နိုင်ခွင့်ရှိရေး၊ တရားဥပဒေဆိုးမိုးရေး၊ အခွင့်အလမ်းတန်းတူညီမျှရှိရေး၊ နိုင်ငံသားတိုင်း မွေးရာပါ အခွင့်အ ရေးတွေရှိရေး၊ ငြိမ်းချမ်မှု တည်တန့်ရေးတွေဟာ အခြေခံ မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ လိုအပ် နေတဲ့ အုပ်သဲကျောက်တွေ ဖြစ်ပါတယ်။ ဒီ အုပ်သဲကျောက်တွေကို ကျနော် သယ်ဆောင်ပေးချင်ပါတယ်။ ကျနော် သယ် ဆောင်ခွင့်ရှိရင် ပြန်ချင်တယ်။
အခု အေဘီအက်စ်ဒီအက်ဖ်နဲ့ရော၊ အက်ဖ်ဒီပီနဲ့ရော ဦးသိန်းစိန်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ဖိတ်ခေါ် တာတွေရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်သလဲ။
တွေ့ဆုံဆွေးနွေးတာဟာ လက်နက်ချတာ မဟုတ်ပါဘူး။ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်တာမဟုတ်ဘဲ ဆွေးနွေးမှုနဲ့ ဖြေ ရှင်းတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေဟာ ကိုယ့်မူတွေအပေါ်မှာ အကောင်းဆုံးရလဒ်ကို ရှာကြတာပါပဲ။
ကျနော် အေဘီအက်စ်ဒီအက်ဖ်မှာ တာဝန်ယူစဉ်ကလဲ ဗိုလ်ချုပ်မြ တာဝန်ပေးလို့ သက်ဆိုင်ရာ အစိုးရ န၀တ၊ နအဖ အ ဆက်ဆက်နဲ့ မကြာခဏ စေ့စပ်တာ၊ စကားပြောတာတွေ လုပ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ချင်းမိုင်မှာ သုံးလေးကြိမ် ဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၁ လောက်မှာ
ပထမဆုံးအကြိမ် ကေအင်ယူ ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မောင်မောင်၊ ကေအန်ပီပီက ဥက္ကဋ္ဌ ထဲဖူးဖဲလ်၊ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ရွှေကျင်ရယ်၊ ကျနော်ရယ် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူတချို့ကို သဘောတူထားခဲ့ကြပါတယ်။
အနှစ်သာရကတော့ ကိုယ့်ပါတီအဖွဲ့စည်းတွေရဲ့ ရပ်တည်ခွင့်၊ နယ်မြေအုပ်ချုပ်ခွင့်တွေအပေါ်မှာ အာဏာပိုင်နဲ့ ဒေသဖွံ့ ဖြိုးရေးနဲ့ လူထုအကျိုးကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကိုလက်တွေ ကျင့်သုံးနိုင်ရင် ယုံကြည်မှုရပြီး အနာဂတ် မှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုရရှိစေမှာ ဖြစ်တယ်။
ဦးသိန်းစိန် အစိုးအရအနေနဲ့ ဘယ်လို ဖိတ်ခေါ်မှုတွေ၊ ဆောင်ရွက်မှုတွေကို ဆိုလိုတာလဲ။ ရှင်းပြနိုင်မလား
နိုင်ငံသားတွေအားလုံးဟာ ကန့်သတ်မှုမရှိဘဲ အချိန်မရွေး ပြန်လာခွင့်၊ သူတို့အလုပ်ကိုင်တွေ နိုင်ငံခြားမှာ သွားရောက် လုပ်ကိုင်ကြမယ်ဆိုရင်လည်း အချိန်မရွေးပြန်လည် သွားရောက်လုပ်ကိုင်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူဝန်မှုကြီးကြပ်ရေးက အကျင့်ပျက်ခြစားဝန်ထမ်းတွေရဲ့ မသမာမှုတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေး ဖို့ ဖြစ်ပါတယ်။ အစိုးရကို နာမည်ပျက်စေတဲ့ အထဲမှာလဲ လူဝန်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့ မသမာမှုကလဲ အကြီးမား ဆုံးအချက်ကြီးတခု ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့အခွန်ငွေတွေ ဆုံးရှုံးပြီး တိုင်းပြည်ကို နစ်နာနေပါတယ်။
တချို့သော ကျနော်တို့ မိတ်ဆွေတွေ မြန်မာသံရုံးတွေမှာ ဗီဇာသွားလျောက်တာတွေ ရှိတယ်။
ဒါက သူတို့မဖိတ်ခေါ်ခင် ကာလကတည်းကပါ။ တချို့တွေက နိုင်ငံသားမဖြစ်ဘဲ၊ သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပေး ထားတဲ့ ခရီးသွားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့သူတွေ ရှိတယ်။သူတို့ဟာ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရာ နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခဲ့ရသူတွေ၊ နိုင်ငံသားဖြစ်လာသူတွေ ရှိတယ်။ တချို့ကလဲ နယ်စပ်တွေမှာ တရားမ၀င် နေထိုင် နေရသူတွေ ဖြစ်ပါတယ်။
အစိုးရက အပေါ်ပိုင်းမှာ ပြောင်းလဲလိုတဲ့ ဆန္ဒတွေရှိပေမဲ့ အောက်ခြေအထိ ညွှန်ကြားချက်တွေ ရောက်သေးပုံမရဘူး။ ဒီ တော့ သံရုံးတွေက အခွန်ဆောင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ ဥပမာ ဂျပန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ တယောက်က ယာ ယီခရီးသွားလက်မှတ် ကိုင်ထားရသူ ဖြစ်တယ်။ သူ့ကိုအခွန် ငွေဒေါ်လာ နှစ်သောင်းခွဲကျော် ဆောင်ခိုင်းပါတယ်။ သိတဲ့ အတိုင်းပဲ နိုင်ငံတကာရောက်နေတဲ့ သူတွေဟာ ဒီလောက် မချမ်းသာကြပါဘူး။ အစိုးရက အခွန် ငွေ ၂ ရာခိုင်နှုန်းပဲ ဆောင်ရမယ်လို့ အမိန့်ထုတ်ပြန်ပေးပေမဲ့ အောက်ခြေက ဗီဇာသွားလျောက်ကို နည်းမျိုးစုံနဲ့ ကြန့်ကြာအောင် လုပ်နေကြ တုံး ဖြစ်ပါတယ်။ ကျနော်မိတ်ဆွေတယောက်က အမေရိကန်နိုင်ငံသားပါ ဗီဇာသွားလျောက်တော့ ဒေါ်လာ ၃၀၀ ထပ် တောင်းတာ ခံရတယ်။ နေပြည်တော်ကို တင်ထားဆိုပြီး အချိန်ဆွဲထားတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေက ခွင့်ရခိုက်လေးလုပြီး မြန်မာပြည်ကိုပြန်ကြဖို့ ကြိုးစားရသူတွေပါ။ အချိန်ဆွဲနေတဲ့ အခါမှာ အခက်ကြုံပြီး ဘန်ကောက်တင်ပဲ လှည့်ပြန်လာခဲ့ရတယ်။ ဒီတော့ တိုင်းပြည်က သူဆီကငွေကို မရလိုက်ဘူးပေါ့။ သူမြန်မာပြည်ရောက်ရင် သူသုံးမယ်စွဲမယ်။ ဒါဆို စီးပွားရေးကိုတဖက်တလမ်းက တိုးတက်စေနိုင်တာပဲ မဟုတ်လား။
သူက ထိုင်းမှာပဲ သုံးစွဲသွားတော့ ထိုင်းနိုင်ငံရဲ့ ၀င်ငွေပဲ တိုးတက်သွားတာပေါ့။
ဝန်ထမ်းတိုင်း ဆိုးနေတယ်လို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုဟာ ခြစားမှုတွေနဲ့ ပျက်စီးနေကြပါတယ်။ ဒါတွေကို ပြုပြင်ဖို့ အရေးယူဖို့ လိုပါတယ်။
နောက်တခုက ကျနော် မိတ်ဆွေမြန်မာနှစ်ဦးကို မေးကြည့်တယ်။ ပြန်မလားပေါ့။ သူတို့ပြောတာက မြန်မာပြည်မှာ ကြက် သားဟင်းနဲ့ ထမင်းစားနိုင်ဖို့၊ နက်စ်ကော်ဖီ သောက်နိုင်ဖို့ မလွယ်ဘူးတဲ့။ မပြန်ရဲသေးဘူးတဲ့။
သူတို့ ဒီမှာအထိုက်အလျောက် လုပ်ကိုင်စားသောက်လို့ ရနေပေမဲ့ မြန်မာပြည်ထဲ ပြန်သွားတဲ့အခါမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဒီမှာလို ရနိုင်မလားဆိုတာ မေးခွန်းရှိပါတယ်။ သူတို့က ဒီလိုအခြေအနေတွေကို စွန့်လွှတ်ပြီး ပြန်ချင် ကြပေမဲ့ အခွန်ဆောင်ခိုင်းတာမျိုးတွေလို ရှိနေတော့ ပြန်နိုင်ဖို့ခက်တယ်။
နောက်တခုက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေရတဲ့ ဒီမိုကရေစီအင်အားစုများ ဖြစ်ပါတယ်။သူတို့မှာ ဘာမှအထောက် ထားတွေ မရှိတော့ပါဘူး။
နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။
သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။
နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ ကိုယ့်အလုပ် ကိုယ်ရှုပ်ဆိုတော့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စာရင်းကြီးကို ဘယ်သူကမှ ခေါင်းထဲမှာ မှတ်မထားနိုင်ဘူး။
နိုင်ငံသားတွေရဲ့ အချက်အလက်တွေသိထားလို့ နိုင်ငံတော်လုံခြုံရေးကို တကယ်မကာကွယ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ ကျနော်ဆိုရင် ကျနော်အဖေမှာ ညီမတယောက်၊ အကိုတယောက်ရှိတယ်။ ကျနော် အဖေက ဖျာပုံ ကပါ။ အဒေါ်နာမည်ကလွဲလို့ ဦးလေးနာမည်ကိုတောင် ကျနော် မမှတ်မိတော့ဘူး။ သူတို့သားသမီးတွေ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲ ကျနော် မသိတော့ဘူး။ ကျနော့် မိဘတွေအိမ်ဟာ ဖျက်သိမ်းတဲ့ထဲ ပါသွားတယ်။ ဒီအိမ်မှာ ကျနော် ကြီး ပြင်းခဲ့တယ်။ ကျနော်ပြန်သွားရင် အိမ်မရှိတော့ဘူး။ အဖျက်ခံရတဲ့နေရာက မြေကွက်လပ်ကြီး ဖြစ်နေတယ်။ တခါတလေ ကျနော် ဂူဂဲလ်ကနေ ကျနော်တို့အိမ် မြေကွက်လပ်ကြီးကို ကြည့်ဖြစ်ပါတယ်။
ကျနော့် အမေပဲ ရှိတော့တယ်။ အမေ့လိပ်စာကို ကျနော်မသိဘူး။ ထောက်လှမ်းရေးကို ပြန်မေးရမလို ဖြစ်နေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျနော့် တူလေးတယောက်ရှိတယ်။ ကျနော့်လိုပဲ အေဘီအက်စ်ဒီအက်ဖ်မှာ အမှုထမ်းခဲ့တယ်။ တော ထဲမှာ သူငှက်ဖျားပို ခေါင်းထဲဝင်ပြီး သူဟာ ရူးသွားတယ်။ ဘန်ကောက်မှာ ဆေးကုနေတုံး ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေးတွေရဲ့အဖမ်းကိုခံရတယ်။ မြန်မာပြည်ကို ပြန်ပို့တယ်။ နှိပ်စက်ညှဉ်းပန်းပြီး သေခါနီးမှာ အမေ နေနေတဲ့ အိမ်ရှေ့မှာ လာချသွားတယ်။ တလလောက်အကြာမှာ သူဆုံးသွားတယ်။ ၂၀၀၂ ခုနှစ်လောက်ကပါ။
ဒီတော့ ကျနော့် အမေလိပ်စာသစ်ကို သူတို့ သိမယ်။
copying by နေသစ်

Sunday, January 22, 2012

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန် နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ

Sunday, January 22, 2012


ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန် နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ




ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန်(ဥက္ကဌ)ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ
ကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ပြုလုပ်ခဲ့ပါသည်။ အခန်းအနားတွင် အခန်းအနားမှုးအဖြစ် ဦးကိုကိုအောင်နှင့်ဂျပန်လူမျိုးဆရာကြီး ဦးရွှေဘ( TANABE SAN)တို့က ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ကြယ်ဖြူအကြီး တပွင့်အား ကြယ်ငယ် ငါးပွင့်ခြံရံထားသော နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ခွပ်ဒေါင်းကျောင်းသားအလံကို အလေးပြုခြင်းနှင့် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲကျဆုံး သွားခဲ့ကြသော ရဟန်းရှင်လူအာဇာနည် အပေါင်းကို ဦးညွှတ်ဂုဏ်ပြုပြီး ကျဆုံးသွားသော အာဇာနည်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁မိနစ်ခန့်ငြိမ်သက်စွာ နေပေးပြီးနောက် အခန်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
အခန်းအနားတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ပြုလုပ်သော အခန်းအနားအတွက် ပေးပို့လိုက်သော နှုတ်ခွန်းဆက်စကားအသံဖိုင်ကို စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက်ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း-ဂျပန် (AUN )မှ တာဝန်ရှိသူတဦးဖြစ်သော ကိုမိုင်ကျော်ဦး၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု အဖွဲ့ ( BDA  )မှ တာဝန်ရှိသူ ဦးသန်းဆွေ၊ ဂျပန်နိုင်ငံ အလင်းအိမ် မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးရဲငြိမ်း၊ ပြည်ပရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှအေးမောင်နှင့် APF သတင်းဌာနမှ တာဝန်ရှိသူလည်းဖြစ်သော၊ ကိုမိုသီးဇွန်နှင့် ၁၉၈၉ကတည်းက စတင်သိကျွမ်းခဲ့ပြီး ကိုမိုးသီးဇွန်၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းချက်များကို ကူညီပံ့ပိုးပေးနေသော ဂျပန်လူမျိုး မစ္စတာ ယာမဂျီးစံတို့မှ တို့မှ လက်ရှိပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး အခြေအနေများကိုလည်းကောင်း၊ ၈၈မျိုးဆက်ကျောင်းသားများမှ ထုတ်ပြန်လိုက်သော ကြေငြာချက်ကို အပြည့်အဝ ထောက်ခံကြောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲနိုင်မှသာ စစ်မှန်သော လူ့အခွင့်အရေးကို ရနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိနိုင်ရေး၊  ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရ ဝိုင်းဝန်းပံ့ပေးကြရန် စသည်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်မှ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ အခန်းအနားသို့ လာရောက်ကြသော ဆွေးနွေးမှုများ၊ မေးမြန်းမှုများကို ကိုမိုးသီးဇွန်မှ ပြန်လည်ဖြေကြားခြင်း၊ ဂျပန်နိုင်ငံရှိ မီဒီယာများနှင့် ကိုမိုးသီးဇွန် တွေ့ဆုံခြင်းအမေးအဖြေ ကဏ္ဍများကို  ပြုလုပ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ပရိသတ်နှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်းများကို ပြုလုပ်ကာ အခန်းအနားကို ညနေ ၄နာရီခွဲတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
သတင်း...Aye Nandar Aung(Japan)
ဓါတ်ပုံ....Thar Htet (BCJP)

ဆန္ဒပြပွဲမလုပ်ပဲမြန်မာ့အရေးပြောင်းလဲနိုင်သူရှေ့ထွက်ခဲ့ပါ။


ဆန္ဒပြပွဲမလုပ်ပဲမြန်မာ့အရေးပြောင်းလဲနိုင်သူရှေ့ထွက်ခဲ့ပါ။

၁၉၈၈မတ်လရန်ကုန်မြို့ထဲမှာကိုမိုးသီးဦးဆောင်ပြီးနောင်တချိန်၈၈အရေးတော်ပုံ

ဖြစ်လာအောင်အရှိန်မြင့်တဲ့လုပ်ငန်းတွေတကယ်လုပ်ခဲ့တာကိုယ်တွေ့ပါ။သူ့ဦးဆောင်မှုအောက်မှာလုပ်ခဲ့တာတွေလည်းရှိပါတယ်။ကားတစီးမီးတင်ရှို့ဆိုတာလည်းတကယ်တော့သပိတ်တိုက်ပွဲကြီးစတော့လို့ဝင်္ကဝုတ္တိအလကာင်္နဲ့တိုက်ပွဲခေါ်လိုက်တဲ့အသံဖြစ်တယ်။ပြည်တွင်းမှာရှိစဉ်

၁၉၈၈မတ်လမှာကုန်တိုက်ပါမီးရှို့ခဲ့တာအားလုံးအသိပါ၊မျက်ကွယ်မှာထောင်ဒဏ်တသက်လည်းချမှတ်ခံထားရသူပါ။အထဲကိုပြန်မရလို့အပြင်ကနေမျိုးဆက်သစ်ကျောင်းသားတွေကိုလမ်းညွန်မှုပေးတာလည်း လက္ခံရမဲ့အချိန်ပါ။ဧရာဝတီသောကြာစကားဝိုင်းကကိုမိုးသီးသည်စိတ်ခံစားမှုလွယ်ကူသူဟုတင်ပြချက်ကိုလည်းပြန်လည်သုံးသပ်စေချင်ပါသည်။မြန်မာ့အရေးကိုသတိရမှတခါထလုပ်သူလည်းမဟုတ်ပါ။ဒီအချိန်တွင် ဒါမျိုးပြောပြီးဒါမျိုးလုပ်ရမည်ဟုလည်းနားလည်သူတဦးဖြစ်သည်။သူ့ကိုဝေဖန်တာအပြစ်တင်တာကိုမကန့်ကွက်ပေမဲ့သူလောက်လုပ်ခဲ့၊လုပ်နေ၊လုပ်အုန်းမှာလားဆိုတာတော့ပြန်မေးပါရစေ။၁၉၈၈မှာ၈၈မျိုးဆက်တွေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ခဲ့တယ်။မိဘလုပ်စာစားပြီးဒို့အရေးထအော်တာအဖေကတောင်တံဆိပ်တုံးဖိုးထုတ်ပေးခဲ့သေးတယ်။လမ်းပေါ်ထွက်ဆန္ဒပြဖို့ဘယ်ပြည်ပအကူအညီမှမလိုပါဖူး။ ကိုယ်တိုင်လုပ်ဖူးခဲ့တဲ့သူတွေသိပါတယ်။ဒီအချိန်ဟာတကယ်အချိန်ကောင်းဖြစ်သည်။ပြည်ပမှအာရုံစိုက်နေချိန်၊ လုံခြုံရေးကောင်စီမှာရုရှားကတောင်စိုးရိမ်လာနေရပါပြီ၊တရုတ်ကလည်းပြောသလို၊ အဆင်ပြေအောင်ပဲနေလေ့ရှိတဲ့ထိုင်းကလည်းပြောနေပါပြီ။(ကျောင်းသားနဲ့နိုင်ငံရေးသမားတွေပြန်လွှတ်ပေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေး)ခေါင်းစဉ်နဲ့အထွေထွေသပိတ်တခုလုပ်နိုင်ခဲ့မယ်ဆိုရင်၊အတိုင်းထက်အလွန်ပါပဲ၊သူများကိုမဝေဖန်ပဲကိုယ်ဘာလုပ်ပေး(နေ၊နိုင်)လည်းဆိုတာကအရေးကြီးတယ်။ပြည့်တဲ့အိုးဟာဘယ်တော့မှလှုပ်လေ့မရှိသလို အကောင်းမြင်တတ်အောင်ပဲကြိုးစားလေ့ရှိကြတယ်။ကျွန်တော်တို့ကိုဘုန်းမော်အရေးအခင်းနောက်ပိုင်း၅ယောက်ထက်မပိုတဲ့အစုအဖွဲ့လေးတွေ ကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာမိမိအစီအစဉ်နဲ့လှုပ်ရှားခဲ့တယ်၊ကိုမင်းကိုနိုင်တို့ကိုမိုးသီးတို့ရေးတဲ့စာတွေလည်းဝေခဲ့ကြတယ်၊အဖမ်းခံရလည်းပြန်ထွက်လာ၊ဆက်လုပ်တာပဲ။နောက်ဆုံး၈၈၈၈မှာအိမ်မက်တွေအကောင်အထည်ပေါ်ခဲ့တယ်။လူအုပ်ကြီးကြည့်ပြီးမျက်ရည်တောင်လည်ခဲ့ရတယ်၊အင်းစိန်ဈေးရှေ့ဟာ၈၈၈၈အောင်မြေနင်းတဲ့နေရာတခုဖြစ်ခဲ့တယ်။သပိတ်ကိုစခဲ့တာ၈တန်းနဲ့၁ဝတန်းတွေချည်းပဲအကြီးဆုံးဆိုလို့အသက်၁၈နှစ်ပဲရှိသေးတဲ့ကျွန်တော်တယောက်ပဲပါတယ်။ ဘယ်သူ့ပံ့ပိုးမှုမှစောင့်ခဲ့တာရခဲ့တာမရှိဖူး၊ကျောင်းသားတာဝန်ကျောင်းသားထမ်းခဲ့တာ၊(သမ္မဂ္ဂရရှိရေး)ဒါပဲစအော်ခဲ့ကြတာ၊နောက်ပိုင်းမှဒီမိုတွေကရေစီတွေပါလာတာ၊တာဝန်ဆိုတာမျိုးဆက်အလိုက်လက်ဆင့်ကမ်းယူရတယ်။စကားကပ်ပြောမနေပဲလက်တွေ့အလုပ်လုပ်ကြပါလို့ပဲတိုက်တွန်းချင်ပါတယ်။မှတ်သားစရာဒေါ်အောင်ဆန်းစုကြည်သည်ဘယ်တုန်းကမှရုံးခန်းထဲမှာထိုင်မနေခဲ့သလိုကိုမင်းကိုနိုင်ဟာလည်းအိမ်ထဲမှာအောင်းမနေခဲ့ပါဖူး။ကျောင်းသားခေါင်းဆောင်ပြည်တွင်းမှာမင်းကိုနိုင်ရှိတယ်။ပြည်ပမှာမိုးသီးဇွန်ရှိတယ်။ဦးဆောင်မှု..ပေးခဲ့..ပေးဆဲ..ပေးနေတုန်းပဲ။

Twitter Delicious Facebook Digg Stumbleupon Favorites More