ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Sunday, August 14, 2011

61st Anniversary Of Karen Martyr!s Day
Tokyo Japan 14-8-2011



၂၀၁၁ သြဂုတ်လ (၁၄)ရက်။

(၆၁)နှစ်မြောက် ကရင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်ရောက် ကရင်တိုင်းရင်းသား အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး ပင်လယ်ရပ်ခြားရောက် ကရင်အမျိုးသားများ အဖွဲ့(ဂျပန်) OKO(Japan)မှ ဦးစီး၍ တိုကျို Toshima-ku Nishi Ikebukuro, Kinkoo Fukushi Kaikan 6F ၌ ယနေ့ ၁၄ ရက်နေ့ နေလည် ၁၂း၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ်တွင် ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့် အာဇာနည်များအား ဂါရ၀ပြုခြင်း လွမ်းသူ့ ပန်းခွေချခြင်း အစီစဉ်များ ပြုလုပ်ပြီးသည့်နောက်မှာ အာဇာနည်ခေါင်းဆောင်များအား ဂုဏ်ပြုဦးညွတ်နေရုံမျှ မဟုတ်ပဲ အာဇာနည်ကြီးများ လျောက်ခဲ့သည့် မပြီးပြတ်သေးသည့် တော်လှန်ရေး ခရီးကြမ်းကို ဆက်လက် တာဝန်ယူ လျောက်လှမ်းရန် ယနေ့ ကရင်များအားလုံး၏ သမိုင်း တာဝန်ဖြစ်ပြီး ရောက်သည့်နေရာ ကျသည့်တာဝန်ကို အကောင်းဆုံး လုပ်ဆောင် ပူးပေါင်း ပါဝင်ကြဖို့ အဖွင့်အမှာစကားမှာ စသောင်းစိန်မှ ပြောကြားသွားပါသည်။

ဆက်လက်ပြီး ကရင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်နှင့် "ထာဝရ တည်စေ ကော်သူးလေး" ရုပ်သံ အစီအစဉ်များကို ပရိုဂျက်တာဖြင့် ပြသသွားခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံ ဥက္ကဌ စောတာမလာဘော ၏ (၆၁)ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ပြောကြားသော မိန့်ခွန်းအား မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာတို့ဖြစ် ဖတ်ကြားသွားခဲ့ပါသည်။


ထိုနောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတိုက (၆၁)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြ့ပီး အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
photo by THEIN WIN (BRSA)
သတင်းမှတ်တမ်း။ Mai Kyaw Oo

Twitter Delicious Facebook Digg Stumbleupon Favorites More