ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Monday, May 2, 2011

zarni


မွန်မြတ်တဲ့ အလှု နှင့် လုပ်အားပေး( MIYAGI KEN, ISHINOMAKI TOWN)
1-MAY-2011 JAPAN




၂၀၁၁ ခုနှစ် မေလ (၁)ရက်။


ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝ ဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ လုပ်အားပေးနှင့် ဒုက္ခသည်များအား ချက်ပြုတ် ကျွေးမွေးရေး အစီအစဉ်ကို ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် Miyagi Kan, Ishinomaki မြို့ Volunteer Center နှင့် Takajoshi မြို့ သို့ တရက်သာ သွားရောက် ခဲ့ကြပါသည်။


ဤခရီးစဉ်တွင် Ishinomaki မြို့မှာ ရေ၊ လျှပ်စစ်မီး၊ အစားအသောက်များ ၀ယ်ယူရန် ယခုလက်ရှိအချိန်ထိ အခက်အခဲ့ ရှိနေသည့်အတွက် ယခုလို လာရောက်ပြီး ချက်ပြုတ် ကျွေးမွေးလှူဒန်း ရခြင်းဖြစ်ပါသည်။ Ishinomaki မြို့ ငလျင် ဒုက္ခသည် ဂျပန်လူမျိုးများ ကလေးလူကြီးမကျန် မြန်မာ ထမင်း ဟင်းလျှာများကို ၅၀၀ မှ ၆၀၀ ကြားတို့မှ နေ့လည်စာ လာရောက် ယူဆောင် သွားကြပါသည်။ ပထမ လူ ၃၀၀ ကျော် အတွက် ခန့်မှန်း ထားသော်လည်း ပိုပိုမိုမို ယူဆောင်လာသည့် အတွက် လူဦးရေ ၆၀၀ နီးပါးခန့် ကြွေးမွေး နိုင်ခဲ့ပါသည်။ထမင်းဟင်းများ နှင့်အတူ တိုကျိုမှ တပါးတည်း ယူဆောင်လာခဲ့သော ရေသန့်ဗူး ၊ ရေနွေးကြမ်ဗူး၊ ခေါက်ဆွဲခြောက်ထုတ်နှင့် တခြားသော မုန့်ပဲသရေစာများကိုပါ ပူးတွဲ၍ ဝေဌါခဲ့ရာတွင် လက်မလည်နိုင်အောင်ကို ရှိခဲ့ရပါသည်။ဒေသခံ ဂျပန်လူမျိုးများကလည်း မြန်မာထမင်း ဟင်းလျှာများကို နှစ်ခြိုက်စွာ သယ်ယူ သွားကြသည့်အတွက် ချက်ပြုတ် ကျွေးမွေးရေး တာဝန်ယူခဲ့ကြသည့် မြန်မာနိုင်ငံသားတွေ ပထနာ ပိတိဖြစ်ကာ လွန်စွာမှ ၀မ်းသာ ကြည်နှိုးခဲ့ကြရပါသည်။


လုပ်အားပေး ခရီးစဉ်တွင် ပစ္စည်းတင်ကား တစ်စီး အပါအ၀င် လူစီးကား ၄ စီးဖြစ် တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၉၅ ဦးဖြစ် သွားရောက် လုပ်အားပေး ခဲ့ကြပါသည်။ Miyagi ke ဒေသရှိ နေရာ ၃ ကို လူစုခွဲ၍ အားတက်သရော တနေ့တာ လုပ်အားပေးခဲ့ကြပါသည်။


ဂျပန်ရှိ တချို့သောမြန်မာများသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်အားပေး လိုက်ပါနိုင်ခြင်း မရှိခဲ့သော်လည်း မိမိတို့ တတ်နိုင်သည့် ဘက်က အလှူငွေ ၊ ဆန် ၊ ရေသန့်ဗူး ၊ ရေနွေးကြမ်းဗူး ၊ ကော်ဗီဗူး ၊ အစားအသောက် ပစ္စည်းများ စေတနာ ထက်သန်စွာဖြင့် လာရောက် လှူဒန်း သွားခဲ့ကြသည်ကိုလည်း သိရှိရပါသည်။


ကျနော်တို့၏ လုပ်အားပေးခရီးစဉ်တွင် ဂျပန်သတင်းဌာနများ ဖြစ်ကြသော TBS သတင်းဌာန၊ Asahi သတင်းဌာန တို့အပြင် DVB နှင့် သတင်း မီဒီယာများပါ စိတ်ဝင်စားစွာဖြင့် သတင်း မှတ်တမ်းများ မှတ်တမ်းတင် သွားကြပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More