Sunday, April 17, 2011 ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ မွန်မြတ်တဲ့ စေတနာ အလှူလိုက်ပါ လုပ်အားပေး လိုသူများ ဆက်သွယ် စာရင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်၊ ကျနော်တို့တတွေ အကြောင်းအမျိုးမျိးကြောင့် မိခင်နိုင်ငံက ထွက်ခွာလာခဲ့ကြတယ်။ ကျနော်တို့ရဲ့ စားဝတ်နေရေးကြောင့် ကျနော်တို့ရဲ့ ပညာရေးကြောင့် ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကြောင့် မိခင်မြေကို စွန့်ခွာလာခဲ့တဲ့ ကျနော်တို့ ဒီနေရာကို ရောက်လာခဲ့ကြတယ်။ ဒီနေရာလေးက ကျနော်တို့ကို ဆီးကြို ထွေးပွေ့ခဲ့တယ်၊ ကျနော်တို့ကို နေရာ ထိုင်ခင်း ပေးခဲ့ကြတယ်။ ကျနော်တို့ကို အသက်ရှင် နေထိုင်ခွင့် ကျနော်တို့ယုံကြည်တဲ့ လမ်းမှာလျှောက်လှမ်းခွင့်တွေ ပေးခဲ့ကြတယ်။ ဒီနေရာဟာ ကျနောတို့ရဲ့ ဒုတိယ အိမ်ပဲဖြစ်တယ်။ ဒီနေရာလေးဟာ ကျနော်တို့ရဲ့ နားခိုရာပဲဖြစ်တယ်။ဒီနေရာလေးရဲ့ အဆိုးအကောင်း အကျိုးအကြောင်း အားလုံး ကျနော်တို့နဲ့ ဆက်စပ် ပတ်သက်နေတယ်၊ ကျနော်တို့ကို ရိုက်ခတ်နေတယ်၊ ကျနော်တို့ ရောက်နေတဲ့ ဒီနေရာလေးမှာ လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ အင်မတန် ကြမ်းတမ်းတဲ့ သဘာဝဘေးဒဏ် တခုကျရောက်ခဲ့တယ်။ဒီဘေးဒဏ်ကြောင့် လူတွေ အမြောက်အများ အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးအိမ်စည်းစိမ် ပတ်ဝန်းကျင်တွေ မယုံကြည် နိုင်လောက်အောင် ပျက်စီးသွားခဲ့တယ်၊ ဒီလူတွေဟာ ကျနော်တို့ရဲ့ မိသားစုတွေပဲ။ ဒီလူတွေဟာ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေပဲ။ ကျနော်တို့တတွေ အားလုံး ဝေမျှခံစားကြရအောင်၊ ကျနော်တို့တတွေ တတ်နိုင်သမျှ မေတ္တာ တုန့်ပြန်ကြရအောင် အားလုံးကိုဖိတ်ခေါ်ပါတယ်။ ဂျပန်ငလျှင်နှင့် ဆူနာမိ ဘေးဒဏ်ခံခဲ့ရသော နေရာဒေသများသို့ လုပ်အားပေးနှင့် ဂျပန်ငလျှင်နှင့် လုပ်အားပေးနှင့် အစား အသောက် ချက်ပြုတ် ကျွေးမွေး အလှုပြုလုပ်မည် ဖြစ်ပါ တယ်၊ ဒါဟာ ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံက ယဉ်ကျေးမှု တခုပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ မွန်မြတ်တဲ့ စေတနာ အလှူပဲဖြစ်ပါတယ်၊ အစီအအစဉ် (၁)။ ။ မြန်မာနိုင်ငံသားများ။ အဖွဲ့အစည်းများမှ စုပေါင်းလှူဒါန်းထားသော အလှူငွေများ ပေးအပ်လှူဒါန်းမည်၊ အစီအအစဉ် (၂)။ ။ကယ်ဆယ်ရေး စင်တာများတွင် နေထိုင်နေရသော ဒုက္ခသည်များအတွက် နေ့လည်စာ တနပ် ချက်ပြုတ် ကျွေးမွေး လှူဒါန်းမည်။ အစီအအစဉ် (၃)။ ။လမ်း အဆောက်အဦး တခုခုတွင် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်မည်၊ သွားရောက်မည့်နေရာ။ ။ မီယာဂိခရိုင်၊ အိရှိနိုမခိ မြို့ (Miyagi ken, Ishinomaki town) သွားရောက်မည့်နေ့ရက်။ ။ဧပြီလ ၃၀ ရက်နေ့(စနေနေ့) ည ဂ နာရီ စတင်ထွက်ခွာမည်၊ တနင်္ဂနွေနေ့ မနက်ရောက်မည်။ တနင်္ဂနွေ နေ့တနေ့လုံး လုပ်အားပေး ဆောင်ရွက်မည်။ တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် လုပ်အားပေး ရပ်နား၍ ညနေ ၆ နာရီခန့်တွင် ပြန်လည်ထွက်ခွာမည်။ တိုကျိုသို့ မေလ ၂ ရက်နေ့တနလာင်္နေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ပါသည်။ လိုက်ပါ လုပ်အားပေး လိုသူများ ဆက်သွယ် စာရင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်၊ လုပ်အားပေး လိုက်ပါမည့်သူများအားလုံး မိမိစားစရိတ်ြ်ဖင့် လိုက်ပါရမညဖြစ်ပါ၍ တဦးလျှင် ယန်း၁၀ ၀၀၀ သတ်မှထ် ထားပါသည်။ အစားအသောက်ချက်ြပုတ် ကျွေးမွေးခြင်း အစီအစဉ်အတွက် ဟင်းလျှာ၊ အစားအသောက်၊ ရေ၊ ဈေးဝယ် စားရိတ် စသဖြင့် ထဲ့ဝင် လှူဒါန်း ကြပါရန် နှိုးဆော် တိုက်တွန်း အပ်ပါသည်၊ ဆက်သွယ်ရန်- စုံစမ်းရန်- စာရင်းပေးသွင်းးရန် ကိုသန်းဆွေ။ ၀၉၀ ၄၉၆၄ ၉၇၁၈ ကိုကျော်ကျော်စိုး။ ၀၉၀ ၆၀၃၁ ၄၈၉၄ ကိုမိုင်ကျော်ဦး။ ၀၉၀ ၉၈၃၁ ၇၁၉၂၊ကိုဇော်မင်းခိုင်။ ၀၉၀ ၉၂၀၀၃၈၃၁ ကိုကိုအောင်။ ၀၉၀ ၁၅၀၆ ၂၈၉၃ ကိုဘုန်းလှိုင်။ ၀၉၀ ၅၃၁၈ ၅၀၅၄ ၊ ကိုမြင့်ဆွေ။ ၀၈၀ ၄၀၀၅ ၇၀၉၈ ကိုမောင်မောင်ဦး။ ၀၉၀ ၆၇၉၈ ၀၁၃၇ ကိုဘုန်းမြင့်ထွန်း။ ၀၉၀ ၄၂၂၁ ၁၉၈၈ ၊ကိုရဲငြိမ်း။ ၀၈၀ ၅၀၇၀ ၀၀၈၀ ကိုလှအေးမောင်။ ၀၉၀ ၂၅၂၅ ၁၉၆၆ ကိုလှိုင်အေး။ ၀၉၀ ၂၂၅၈ ၃၃၀၇ ၊ကိုမြတ်သူ ၀၈၀ ၃၄၂၄ ၂၇၅၉

9:23 AM
zarni