ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Saturday, March 12, 2011

ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း

နျူကလီယားဓါတ်ပေါင်းဖိုမှ လျှပ်စစ်စွမ်းအင် လည်ပတ်မှုစနစ်ပုံ

စီးပွါးရေးနဲ့ ကုန်သွယ် ထုတ်လုပ်ရေး ၀န်ကြီးဌာန လက်အောက်က NISA နျူကလီယားနဲ့ စက်မှုလုံခြုံရေး ဌာနက ယနေ့ ၃ နာရီလောက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အမှတ်(၁) ဖူကူရှီးမား ဓါတ်ပေါင်းဖိုမှ MELT DOWN နျူကလီယား ဓါတ်ပေါင်းဖိုအတွက် အဆိုးဆုံး ဖြစ်နေပြီလို့ ထုတ်ပြန်ကြေငြာသွားပါတယ်။ ၁၂ ရက်နေ့ ညကနေစပြီး မီးပျက်သွားနိုင်ဘွယ်ရှိတယ်လို့လည်း ကြေငြာသွားပါတယ်။

ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို အပူချိန် အရမ်းမြင့်တက်လာပြီးဓါတ်ပေါင်းဖို ကို ရပ်ဆိုင်း ထားပြီးတော့ ဓါတ်ပေါင်းဖို ထိန်းသိမ်းဖို့အတွက် အပူချိန်အေးအောင် ထိမ်းသိမ်းဖို့ ရေသွင်းဖို့အတွက်လည်း လျှပ်စစ်မရတဲ့အတွက် ရေသွင်းဖို့ အခက်အခဲ့ဖြစ်နေပါတယ်။

ဒီအတိုင်းဆိုရင် ဆက်လက်ပြီး နျူကလီယား လောင်စာ အပူချိနက အရမ်းတက်လာပြီး လောင်စာ ထည့်ထားတဲ့ လှောင်ကန် ပေါက်ကွဲနိုင်သည့် အန္တာရယ်ရှိပြီး ဓါတ်ပေါင်းဖိုမှ ရောင်ချီက သဘာဝပြင်ပကို ယိုထွက် လာနိုင်ကြောင်း ဂျပန် သတင်းဌာန၊ TV သတင်းဌာနများမှ သတင်းအရ သိရပါတယ်။ ဓါတ်ပေါင်းဖို အခြေနေကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More