ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Wednesday, March 23, 2011

တိုကျို ၂၃ မြို့နယ် ဧရိယာ မွေးကင်းစ ကလေးများကို ဘုံဘိုင်ရေ မတိုက်ရန် တိုက်တွန်း

ယနေ့သတင်း



ဟင်းသီး ဟင်းရွက်များတွင် ရေဒီယို ဓါတ်သင့်ပြီး မကြာခင် အားလုံးကို အထိပ်တလန့် ဖြစ်စေသော နောက် ထပ် ပြဿနာ တရပ်မှာ တိုကျို ပိုက်လိုင်းများမှ ရေများတွင် ရေဒီယို ဓါတ်သင့် ခြင်းဖြစ်သည်။ သို့သော်လည်း ပမာဏမှာ သေးငယ်ပြီး အန္တရယ် မရှိကြောင်း ပြောဆိုသည်။ 210 becquerels per liter of iodine-131 ရှိ ပြီး မွေးကင်းစ ကလေးများအတွက် သတ်မှတ်ထားသော အဆင့်ထက် ၂ဆများသည်ဟုဆို၊ အရွယ်ရောက် သူများအတွက် အဆင့်မှာ 300 becquerels per litre ဖြစ်သည်။


မွေးကင်းစ ကလေးများမှာ ရေဒီယို အိုင်အိုဒင်းများ အလွယ်တကူ ၀င်ရောက်နိုင်ပြီး လည်ပင်ရှိ လူခန္ဒာကို ဖွံဖြိုး စေသော ဓါတ်ထုတ်လုပ်မှု (Thyroid) ကို ကင်ဆာ ဖြစ်စေနိုင်ဟု ဆိုသည်။ မိဘများ အနေနှင့် မွေးကင်းစ ကလေးများကို ဘုံဘိုင်ရေ မတိုက်ရန် တိုက်တွန်း လိုက်သည်။ သို့သော်လည်း အနည်းအကျဉ်း တိုက်ပြီးသူများ အနေနှင့် စိုးရိမ်ရန် မရှိပါဟုဆိုသည်။


ယခု အတိုင်းအတာမှာ ခလေးများနှင့် အရွယ်ရောက်ပြီး သူများအတွက် လတ်တလော အန္တရယ်မရှိဟုဆို၊ အရွယ်ရောက် သူများအတွက် ဤရေကို တနှစ်တာ သောက်သုံးသည့်တိုင် အန္တရယ်မရှိဟုဆို၊ဤသတင်း ဆိုးကြောင့် လူများ အထိပ်တလန့် ဖြစ်ပြီး သောက်ရေသန့်ဘူးများ ဈေးကွက်တွင် ပြတ်လတ် သွားကြောင်း သိရသည်၊ ဓါတ်ပေါင်းဖိုများ အခြေအနေမှာ သိပ်ထူးခြားမှု မရှိသေးပါ။ Pump များ လည်ပတ်ရန် အသေးစိပ် စစ်ဆေးနေဆဲ ဖြစ်သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More