zarniမြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည်ဆိုသော ၂ဝ၁ဝ တရားမ၀င်ရွေးကောက်ပွဲနှင်.ပါတ်သက်သောသတင်းများကို တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် 27/10/2010 10:30:00 AM , 27.10.2010...BCJP NEWS
၁၉၈၈ခုနှစ် တနိုင်ငံလုံးမှ ဒီမိုကရေစီ တောင်းဆိုသည့် လူထုအုံကြွမှုကြီးကို စစ်တပ်က လက်နက်ဖြင့် ရက်စက်
ကြမ်းကြုတ်စွာ ပစ်ခတ် ဖြိုခွဲ နှိမ်နှင်းပြီး ၁၈-၉-၁၉၈၈ နေ့တွင် အာဏာသိမ်းယူလိုက်သည့် စစ်အစိုးရ (နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) (အတိုကောက်-နဝတ)က ၂၇-၅-၁၉၉ဝ နေ့တွင် ကျင်းပပေးခဲ့သော ပါတီစုံ
ဒီမိုကရေစီ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ လိုင်စင်ရအာဏာရှင်တွေ မဖြစ်ခင်မှာ တိုက်ပွဲဝင်ကြပါစို့ ခေါင်းစဉ်နှင်. ၂ဝ၁ဝ တရားမ၀င်ရွေးကောက်ပွဲ ကိုကမ္ဘာတစ်ဝှမ်းလုံးမှအသိအမှတ် မပြုနိုင်ရန် World Networkသတင်းများကိုအချိန်နှင့်တစ်ပြေးညီ တည်းတိုက်ရိုက်ကြည့်ရှုသွားနိုင် ရန်အတွက် အင်တာနက်ရုပ်သံထုတ်လွှင့်မှုအစီအစဉ်ကို http://www.burmacampaign.net/ တွင် ၆ ရက် ၁၁ လ နေ့လည် ၁၂း၃၀ နာရီမှ စတင်ပြီး ၇ ရက် ၁၁ လ
ည ၈ နာရီ (ဂျပန်စံတော်ချိန်)အထိ Burma Campaign Japan ထုတ်လွှင် တင်ဆက်ပေးသွား မည်ဖြစ်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် ကိုပြန်လည်ကြည့်နိုင်ရန် ထားရှိပါသည် ၊ ဘားမားကမ်းပိန်းဂျပန် BCJP Television
record တွင် ပြန်လည်ကြည့်နိုင်ပါသည်
BCJP Television : www.burmacampaign.net
Burma Campaign Japan
www.burmacampaignjapan.org

11:23 AM
zarni