zarni
Global Action Campaign
နအဖ စစ်ခေါင်းဆောင်တို့က စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲအား ကျင်းပတော့မည် ဖြစ်၍ ဒီမိုကရေစီ လိုလားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားတို့က ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြကြရန်နှင့် တရားမျှတမှု မရှိသည့် အပြင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများဖြင့် ကိုက်ညီခြင်းလည်း မရှိသော အဆိုပါ ရွေးကောက်ပွဲအကြောင်းကို ဂျပန်နိုင်ငံသားများ ပိုမိုသိရှိလာကြစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားအားလုံး အပြင်းထန်ဆုံး ခွပ်ဒေါင်းစိတ်ဓါတ်ဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
နေရာ Ebisu ပန်းခြံ
အချိန် နေလည် ၁း၃၀ တွင်လူစုမည်၊
၂း၀၀ အခမ်းအနားစတင်မည်၊
၃း၀၀ စတင်ချီတတ်မည်
sandagaya ပန်းခြံ တွင်ပြီးဆုံးမည်။

8:47 AM
zarni