ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Saturday, September 18, 2010


၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက်ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနား ကို ဂျပန်ရောက်နိုင်ငံရေးအဖွဲ.များဖြစ်သည့် NLD(LA-JB) LDB,DFB,AUN မှပါဝင်သော တိုင်းရင်းသားအဖွဲ.စည်းအသီးသီး များ မြန်မာနိုင်ငံသားများပါဝင်ချီတက်ဆန္ဒပြကြပါသည်၊အခမ်းအနားကို နေလည် ၂ နာရီတွင်စတင်ပြီး ၃ နာရီတွင်ချီတက်ကြပါသည်၊EBISU ပန်းခြံ မှ SANDAGAYA ပန်းခြံ အထိလမ်းလျှောက်ချီတက်ကြသည်စုစုပေါင်းလူအင်အား ၂၀၀ခန့်ပါ
ဝင်ချီတက်ဆန္ဒပြကြပြီးညနေ ၅ နာရီတွင်အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်

လာမည့်(၇-၁၁-၂၀၁၀)နေ့ရက်တွင် နအဖစစ်အာဏာရှင်တို့က စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့် အကြောင်းကို ဂျပန်နိုင်ငံသူနိုင်ငံသားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင်း သိရှိရပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More