ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Sunday, August 22, 2010

zarni
ရေတပ်ထဲမှာလည်း အခြေအနေ မကောင်း



ဟိုင်းကြီးကျွန်း အခြေစိုက်ပမ္မ၀တီ ရေတပ်စခမ်း လက်အောက်ခံ အမှတ် ၂၂ စခန်းက ရဲဘော်တွေဟာ စစ်ယူနီဖေါင်းကိုချွတ်ပြီး ဒီလဆန်းကတည်းက ဆန္ဒပြနေခဲ့ကြတယ်။ ဘဏ်စုငွေကိစ္စကို အထက်ကိုတင်ပြပေမဲ့ ဘာမှလုပ်မပေးတဲ့အတွက် ယူနီဖေါင်းတွေချွတ်ပြီး အရပ်ဝတ်နဲ့နေကြတယ်။ ဟိုင်းကြီးကျွန်းတပ်တွင်းမှာ ဘာမှလုံခြုံမှူမရှိတော့ဘူး။ ညဘက်ဆိုရင် သေနတ်သံတွေကြားနေရတယ်။ စခန်းမှူးနဲ့ ဗိုလ်မှူးတွေပါတဲ့ ဆန္ဒပြပွဲမှာ အခုဆိုရင် တပ်ကနေထွက်ပြေးသွားကြတာ ၁၀၀ လောက်ရှိပြီလို့ ရေတပ် ဒုတပ်ကြပ်တဦးရဲ့ သမီးက မအူပင်ကိုထွက်ခွါသွားနေရတာကို ပြောရင်း ခုလိုပြောပြသွားတာပါ။ မိသားစုတွေက မအူပင်ကိုထွက်ခွါလာခဲ့ရပေမဲ့ ဖခင်ဖြစ်သူက ဆန္ဒပြကျန်ရစ်ခဲ့ပြီး ဘဏ်ငွေရရှိရေးအတွက် စောင့်ကျန်နေခဲ့တယ်လို့ သိပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More