သူတို့ ဘာကြောင့်မလုပ်နိင်ကြတာလဲ ( မိုးသီးဇွန် )
ဒီနေ့ အာအက်ဖ်အေ သတင်းထောက် ကိုဇော်မိုးကျော်က ကျနော်ကို မေးခွန်းတခုမေးလာပါတယ်။ မေးခွန်းကတော့ ဘာဖြစ်လို့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်တို့  ထိုင်းတို့ က စစ်ခေါင်းဆောင်တွေလို ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်နိင်စွမ်းမရှိတာပါလည်းဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ကျနော်မြင်တဲအမြင် ကတော့ မြန် မာ့ တပ်မတော် ခေါင်းဆောင်တွေ ဥပမာ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်ကျော်ထင် ၊ ဦးစိန်လွင် ၊ ဗိုလ်ချုပ်စောမောင် နောက်သန်းရွှေ ပေါ့ဗျာ သူတို့ ကိုကြည့်ရင် ပညာကောင်းကောင်းမသင်ခဲ့ရဘူး၊ မိသားစုနောက်ခံတွေမကောင်းဘူးလို့ ကျနော်ပြောချင်ပါတယ်။
တခြားနိင်ငံက ဗိုလ်ချုပ်တွေက အာဏာသိမ်းကြတယ်။ တိုင်းပြည်ကောင်းအောင် လုပ်နိင်စွမ်းရှိကြတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သူတို့ ဟာ တက္ကသိုလ်က ဘွဲ ရတယ်။ နိင်ငံခြားတကသိုလ်တွေ စစ်ကျောင်းတွေမှာပညာတော်သင်တွေသင်တန်းတွေတက်ရောက်နိင်ခဲ့ကြတယ်။ ဒီတော့ နိင်ငံရေးစီးပွားရေး၊ အုပ်ချုပ်ရေး သင်တန်းတွေကိုစနစ်တကျ တက်ခဲ့ရတယ်ဗျ ။ ဒါဟာ သိပ်အရေးကြီးတယ်။ သူတို့ ဟာ တကသိုလ်တခုကို မတက်ခဲ့ကြရဘူး။ မြန်မာ ပြည်က တက္ကသိုလ်တွေဟာအရေအသွေးနိမ့် ကျနေသေးတယ်။ ထားဦးတော့ တကသိုလ်တခု ရဲ့  ရင့်ကျက်ပေးမှု ( Mature) နဲ့ လူဝင်ဆန့် မှု ( Social Networking) ကိုတော့ မြန်မာ ပြည်က တကသိုလ်တွေကပေးနေတုံးဖြစ်ပါတယ်။ ဒီရင်ကျင့်မှုကအရေးကြီးပါတယ်။
ဒါကြောင့် မြန်မာ ပြည်က စစ်ခေါင်းဆောင်တွေဟာ ပညာမတ်ကြဘူး။ ပညာမတတ်တော့ ကျင့်ဝတ်ပါမသိဘူး။ ဒီတော့ ဆိုးတဲ့အဆင့်ကျော်ပြီးယုတ်မာတဲ့အဆင့်ကိုရောက်ကုန်ကြတယ်။ သူတို့ ခေတ်က ဒုတိယကမ္ဘာစစ်ကို ဖြတ်သန်းနေရတဲ့အတွက် နောက်အရေးကြီးဆုံးအချက်ကတော့ သူတို့ မိသားစု နောက်ခံ တွေကမကောင်းဘူး။ သူတို့ ဟာ လူအဖွဲ့ စည်းရဲ့  အောက်ဆုံးအလွာ
(Bottom of Society) က နေလာခဲ့ကြရတယ်။ ရှင်းရှင်းပြောရရင် ကလေးဘ၀တလျောက်လုံးမှာ သူတို့ မှာ နာကျည်းမှုတွေပြည့်နေတယ်။
သိသာတာက သူတို့ တိုင်းပြည်ခေါင်းဆောင်ရယ်လို ဖြစ်နေတာတောင် သူတို့ မိဘတွေအကြောင်း သိပ်မပြောချင်ကြဘူး။ ဘာုဖြစ်လို လည်းဆိုတော့
သတို့ မှာ နာကျဉ်းစရာ၊ အရှက်ရစရာတွေရှိနေတယ်။ ဒါက မြန်မာ့ တပ်မတော် စစ်သားကနေ ဗှိုလ်ချုပ် ၉၀ရာခိုင်နှုန်း ဖြစ်နေတယ်။
ဒီထဲက ဘယ်သူဘဲတက်တက် သူတို့ အာဏာရလာရင် သူတို့ မိသားစုအကြောင်းကို လျိုလ်ဝှက်ထားကြမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ဒဏ်သင့်လာတဲ့လူတွေအာဏာရလာတဲ့အခါမှာ လေထန်ကုန်းဝထုထဲက ဇတ်ကောင် ဟီးကလစ်လို ဖြစ်လာတာတော့။
သူများတွေပျော်ရွှင်မှုကိုမလိုလားတော့ဘူး။ နိင်ငံသားတွေပျော်ရွင်မှု သုခ ( Pleasure ) ကိုသူတို့  မလိုလားဘူး။ ကလေးဘ၀ အတိတ်က နာကျဉ်းမှု (Trauma) က သူတို ရဲ့ အရေ့း ဆုံးဖြတ်ချက်တွေ တွေကို လွှမ်းမိုးထားတယ်။ သူတို့ ရင်ထဲမှာ နာကျင်မှုဝေဒနာ ( Pain) ဖြစ်နေကြတယ်။
လူတယောက်ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလုပ်တဲ့အခါမှာ သုခ( Pleasure ) နဲ့  ဝေဒနာ (Pain ) နှစ်ခုမှာ တခုခု ကို အခြေခံရပ်တည်ပြီးဆုံးဖြတ်လေ့ရှိကြတယ်။ ဒီတော့သူ တို့ ငယ်ငယ်ဘ၀ က အလွန်နိမ့်ကျတဲ့ဘ၀တွေက လာရတော့ ပါလာတဲ့ဒဏ်ချက်တွေက သူတို့  ရင်ထဲမှာ ဝေဒနာကြီးတွေက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာတယ်။ ဒီတော့သူတို့ ဟာ ဝေဒနာ ( pain) အပေါ်မှာအခြေခံပြီး ပြသနာာတိုင်းကိုကြည့်ရှု့ ဆုံးဖြတ်လာတော့တယ်။
နိင်ငံတော်လုံခြုံရေး၊ စီးပွားရေး ၊ပညာရေး၊လူမှုရေး ၊ဘာသာရေး ယဉ်ကျေးမှုတွေအားလုံးကို ဝေဒနာ ( Pain) ပေါ်မှာ အခြေခံပြီးဆုံးဖြတ်ကြတယ်။ ဒါကြောင့်ခေါင်းဆောင်တယောက် ဟာ ပညာတတ်ဖြစ်ရမယ်။ မိသားစုနောက်ခံဟာအရေးကြီးတယ်။
ဒီနစ်ခုမရှိရင် သူတို့ ဟာ သူများတွေရဲ့  ပျော်ရွှင်နေတာတွေကိုမရှု့ စိမ့်တဲ့ ဟီးကလစ်လို ဖြစ်ပြီး တိုးတက်ပြောင်းလဲမှုတွေကို မလုပ်ခြင်ကြဘူး။ လုပ်နိင်စွမ်းလည်းမရှိတော့ဘူး။

9:01 AM
zarni