နအဖကိုတရားစွဲဆိုဖို့ပြင်ဆင်နေပြီ
လေးစားအပ်ပါတဲ့ ညီအကို မောင်နှမ အပေါင်းတို့ 
ခင်ဗျားတို့  အိမ်မက်တွေဟာ တကယ်ဖြစ်လာခါနီးပါပြီ။ အမှန်တရား ရောင်နီ ထွန်းလင်းလာချေပြီ။ စိတ်ဓါတ်မကျ ကြနဲ့  ။ ဆက်လက်တိုက်ပွဲဝင်ကြပါ။
မနေ က အမေရိကန် နိင်ငံက သန်းရွှေ၊ မောင်အေး၊ အောင်သောင်၊မောင်သောင်း၊ ရွှေမန်း ၊ သိန်းစိန် တို့ နဲ့ အပေါင်းအပါတွေကို စစ်ရာဇ၀တ်ကောင်များအဖြစ်တရားစွဲဆိုဖို့ ကုလသမဂ ကိုတောင်းဆို လိုက်အပြီး
ထောက်ခံ သောနိင်ငံ ၅ နိင်ငံ ရရှိလာပြီ ဖြစ်ပါတယ်။ တခြားနိင်ငံတွေကလည်းဆက်လက်ထောက်ခံလာဖို့  မြန်မာ အစွမ်းကုန်ကြိုးပန်းကြပါ။ ဒါဟာမဖြစ်နိင်စရာမရှိဘူး။ အမေရိကန် က ခုလိုတရားဝင်တောင်းဆိုမှု
ကို ကျနော်တို့ နစ်ပေါင်းများစွာ တိုက်တွန်းခဲ့ပေမဲ့ မဖြစ်ခဲ့ဘူး။အခုမှာတော့ ကိုယ်နားကို ကိုယ်မယုံ နိင်လောက်အောင်ကို အိုဘားမား အစိုးရက တောင်းဆိုလာပြီဖြစ်ပါတယ်။
ိ
ဂျပန် ၊ ဥရောပ၊ စကင်ဒေးနီးယားနိင်ငံ များ၊ အရှေ့ တောင်အာရှ နိင်ငံများ၊အာဖရိကနိင်ငံများ မှာ ရောက်နေတဲ့ မျိုးချစ်မြန်မာ တိုင်း က မိမိတို့ ရောက်နေတဲ့ နိင်ငံတွေက အန်ဂျီအိုများ၊ကျောင်းသားသမဂများ၊ မီဒီယာများ၊ လွှတ်တော်အမတ်များ ကို ချဉ်းကပ်ပါ သူတို့ အစိုးရတွေက အမေရိကန် အဆိုပြုချက်ကိုထောက်ခံပေးဖို့ တိုက်တွန်းပါ။ ဆန္ဒပြပွဲများဖေါ်ထုတ်ကြပါ။

6:28 AM
zarni