ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Friday, August 20, 2010


-မြတ်စိုး-8-12-2010
http://komoethee.blogspot.com/2010/08/blog-post_13.html


ကြပ်ပြေး နေပြည်တော် ကို ခေါ်ယူသွားတဲ့ အရေပြားရောဂါစွဲကပ်နေတဲ့ ဆင်နှု အကြောင်းကို နအဖ သတင်းစာတွေမှာ ရေးကြီးခွင်ကျယ်ရေးသားဖော်ပြတာတွေ့ရလို့ တိုင်းပြည်အတွက် တော်တော် ရင်လေးမိပြန်တယ်။ ကြပ်ပြေး ကျော်ဆန်း က အရေပြားရောဂါစွဲကပ်နေတဲ့ နီကျံကျံ အရောင် ဆင်နှု ကို အဖြူ အမဲဓာတ်ပုံသုံး ဖော်ပြလိုက်တာတွေ့ရတော့ အီရတ် အာဏာရှင်ဟောင်း ဆဒ္ဒဟူစိန်ရဲ့ မင်းသားကြီး ဘဂ္ဂဒတ်ဘော့ ကို သတိရမိတာတော့ အမှန်ပါပဲ။


သီဟ၊သူရတွေ ရထားတဲ့ နအဖ စစ်ဗိုလ်ချုပ်ဆိုသူတွေ တိရိစ္ဆာန်တွေကို ဖင်ထောင်အောင် ကိုးကွယ်နေကြတာ တွေ့ရလို့ မြန်မာနိုင်ငံမှာ တော့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယန္တရားခေတ် ၊ အိုင်တီခေတ်၊ အာကာသခေတ် ကနေ ငါတို့နိုင်ငံတော့ တိရိစ္ဆာန် ကိုးကွယ်နေတဲ့ ခေတ် ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောရတော့မှာ ပဲ။ မြန်မာ ဘုရင် မင်းတုန်းမင်းလက်ထပ်က မင်းညီးမင်းသားတွေ ဘုတ်တလုပ် ရေကန်လေးထဲမှာရေကစား၊ ဆင်တွေနဲ့ ဟန်ရေးပြနေချိန်မှာ အနောက်နိုင်ငံတွေ၊ အရှေ့နိုင်ငံကြီးတွေဟာ မြေအောက်၊ရေအောက် ရထားလမ်း၊ ရေကြောင်း လမ်း တွေတည်ဆောက်လို့ ကုန်သွယ်မှုတွေတိုးချဲ့ ၊တိုင်းသူပြည်သားတွေ တကမ္ဘာလုံး အဆင်ပြေ သွားလာနိုင်အောင် အားသွန်ခွန်စိုက် လုပ်ကိုင်နေတဲ့ အချိန် ကို ပြန်သတိရမိတယ်။ အခုလည်း အိမ်နီးချင်းနိုင်ငံ တွေကို ပြန်ကြည့်ပါ။……

တရုတ်နိုင်ငံ ရှန်စီပြည်နယ်ရှိတေယန်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ယိုဂန်ဂြိုဟ်တုကို သြဂုတ်လ ၁၂ ရက်နေ့က လွှတ်တင်လိုက်တယ်။

အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား နှစ် နိုင်ငံ ၂၀၂၀ မှာ ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်မည်။

တောင်ကိုရီးယား၊ဂျပန် နှစ်နိုင်ငံ ပူးတွဲ အာကာသယာဉ်တွေ စေလွှတ်မယ်။

၂၀၁၆ မှာ အိန္ဒိယ နိုင်ငံက လူသားများစီးနင်းလိုက်ပါမည့် အာကာသ ယာဉ်ကို စေလွှတ်မည်။

ထိုင်းနိုင်ငံက ဘန်ကောက်မြို့ ကြီး အတွက် မြေလျှိုးမိုးပျံ လမ်းပမ်းဆက်သွယ်ရေးကွန်နက်ကို ၂၀၂၀ မှာ အပြီးသတ်ဆောက်လုပ်မည်။

မြန်မာနိုင်ငံမှာ တော့ …..

အရေပြားရောဂါရရှိနေတဲ့ ဆင်နှု ကို ကိုးကွယ်နေကြတဲ့ သီဟ၊သူရဘွဲ့ ရ စစ်ဗိုလ်ချုပ်ဆိုသူတွေ အကြောင်းဖတ်လိုက်ရတော့ နွားချေခွက်ထဲ မှာ ကျင်လည်နေတဲ့ ဖားသူငယ်တွေရဲ့ ပုံပြင်ကို သတိရမိတယ်။ နွားချေခွက်ထဲက ဖားသူငယ်တွေဟာ ပင်လယ် မမြင်ဘူး၊ သမုဒ္ဒရာ မမြင်ဘူးတော့ နွားချေခွက်အိုင် ကို အကြီးကြီးလို့ မှတ်ယူနေကြပုံပဲ။

တိုင်းပြည်ကို တကယ် တိုးတက်စေချင်ရင်တော့ ပုဂ္ဂိုလ်ကိုးကွယ်နေမှု၊ တိရိစ္ဆာန် ကိုးကွယ်နေမှုတွေ ကို တော့ စွန့်လွှတ်သင့်နေပါပြီ။ တံခါးတွေ ဖွင့်ချိန်တန်ပါပြီ။

Twitter Delicious Facebook Digg Stumbleupon Favorites More