ပြသာနာများ ကို မည်သို့  စဉ်းစားမည်နည်း ( မိုးသီး)
မဲ့ ဆောက်-မြ၀တီ တံတားကို နအဖ ဖက်က ဒီနေ့ ပိတ်လိုက်တယ်လို့ သိရတယ်။ ပိတ်လိုက်တဲ့အကြောင်းပြချက်ကတော့ ထိုင်းဖက်က သောင်းရင်းမြစ်ကမ်းပါးတွေကို ထိုင်းတွေက တာဖို့ တယ်။ ရေတိုးတာကို ကာကွယ်တာ။ ဒီတော့ ရေက ထိုင်းဖက်ကိုမတိုးပဲ မြန်မာ ဖက်ကိုထိုးလာနိင်တယ်။ ဒီတော့ မြန်မာ ဖက်ကမြေဆုံးရှုံးကုန်နိင်တယ်။ မြန်မာ က ထိုင်းကို ကန် ကွက်တယ်။ ထိုင်းက နားမထောင်ဘူး။ ဒီတော့ မြန်မာ့  ကုန်သွယ်ရေးလမ်းကိုပိတ်တယ်။ ထိုင်း ကို မြန်မာ က အကြပ်ကိုင်လိုက်တဲ့သဘောပဲ။ ဒါက ဇတ်လမ်းရဲ့  ကျောရိုး။ဒီအပေါ် သုံးသပ်ချက်ကို ကျနော်တို့ လုပ်ကြည့် ကြမယ်။ နအဖ ရဲ့ ဆုံးဖြတ်ချက်ကို စီးပွားရေးရှု့ ထောင် ( Economic Perspective ) ၊ မနုသဗေဒ ရှု့ ထောင့် ( Anthropological Perspective ) ကနေကြည့်ကြပါစို့ ။
၁- ထိုင်းက စီးပွားရေးနိင်ငံ- မြန်မာ ရဲ့ အကြပ်ကို ခံနိင်ရည်မရှိဘူး။ Risk ကို မခံနိင်ဘူး။ လိုက်လျောမှု တခုခုပြုလုပ်ရမဲ့  သဘောရှိတယ်။
၂- မြန်မာ က Risk ကိုခံနိင်တယ်။ ခံနိင်ရည်ရှိတယ်။ ခံနိင်ရည်ဆိုတာက နယ်စပ်ဂိတ်ပိတ်ထားတယ်။ ကုန်စည်စီးဆင်းမှု မရှိတော့ဘူး။ စီးပွားပျက်မယ်။ ဒါကိုခံနိင်တယ် ဆိုတာကို ပြသတယ်။ီဒီတော့အပေးယူ ဆိုတာဖြစ်လာမယ်။
ကြည့်လိုက်ရင်တော့ နဖအ ဖက်က ဖြေရှင်းချက်ဟာ အမျိုးသားရေး လက္ခဏာ ဆောင်နေသလိုလို -ပို ပြီး တော့ တိကျပြတ်သားသလိုလို ၊ဒီထက်ပို ပြီး နအဖ ဖက်ကပြခြင်တာကတော့ ယောက်ကျားပီသသလိုလို ယူဆစရာရှိတယ်။ တကယ်ကတော့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပြီး တောင်းဆိုတာဟာဖြင့် သင့်လျော်တဲ့ ဖြေရှင်းချက်မဟုတ်ပါဘူး။ ဒီလက္ခာတွေတခုမှာမရှိဘူး။
ဘာဖြစ်လို့ လဲ- မြန်မာ ဖက်ကလည်း ခံနိင်ရည်ကျဆင်းလာလို့ ဖြစ်တယ်။ မြန်မာ ပြည်က ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ ကုန်ထုတ်လုပ်မှု ( Production ) မရှိဘူး။ ကုန်သွယ်မှု ( Trade ) ပေါ်မှာ မူတည်ပြီး ရပ်တည်နေတဲ့နိင်ငံဖြစ်တယ်။ ကုန်သွယ်မှုကို ထိခိုက်တဲ့လုပ်ငန်းတိုင်းကို သူခံနိင်ရေမရှိတော့ပါဘူး
၁၉၉၇ ခုနစ် က အမေရိကန် က စီးပွားရေးပိတ်စို့ မှုလုပ်ပေးလိုက်တဲ့အခါမှာ တပြည်လုံးစီးပွားရေးဟာ သွက်ချာပါဒ လိုက်နေကြောင်းကိုဘယ်သူမှ မငြင်းနိင်ပါဘူး။
အခု တခါ အခြေခံ ကုန်သွယ်မှု မျှသာဖြစ်နေတဲ့ နယ်ခြားကုန်သွယ်မှုလေးနဲ့ သာ ရပ်တည်နေ
တဲ့နိင်ငံဖြစ်တဲ့အတွက် ဒီကုန်သွယ်ရေးဂိတ်ကို ပိတ်ပြီး ထိုင်းကို ကလေးစိတ်ကောက်သလိုတောင်းဆိုတာ ရီစရာကောင်းတယ်။ အိမ်ပြန် နောက်ကျတဲ့ ယောက်ကျား ကို တခါးပိတ် ပြီး စိတ်ကောက်နေတဲ့ အမျိုးသမီးတယောက်နဲ့ မတူပေဘူးလား။ေ ယာက်ကျားနဲ့ မိန်းမ ဟာ အကြပ်တည်းရောက်လာတဲ့အခါမှာ အခြေခံ စဉ်းစားပုံ မတူကြဘူး။ ယောက်ကျားက အကျိုးစီးပွား ( Interest ) ကိုအရင်စဉ်းစားတယ်။ Interest ကိုထိလာတဲ့အခါမှာ Security ကိုဒုတိယစဉ်းစားလေ့ရှိတယ်။
မိန်းမက တော့ လုံခြုံ မှု ( Security) ကိုအရင်စဉ်းစားတယ်။ တန်ဖိုး (value) တွေကိုစဉ်းစားတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှု ( Superstrious & Culture ) ကို စဉ်းစားတယ်။ မိန်းကလေးတယောက်ဟာ
စပြီး မွေးဖွားလာကတည်းက ယဉ်ကျေးမှု သွန်သင်ချက်တွေက စားသောက်၊အနေအထိုင်အပြောအဆိုတွေဟာ လုံခြုံရေး ရှု့ ထောင့်ကနေ သွပ်သွင်း ခံထားရတော့တာကိုး။
ဒီလုံခြုံရေးဆိုင်ရာ အကဲဖြတ်ချက်ပေါ်လစီအောက်ကနေ နေစဉ်လူမှု ဘ၀ ကို ရုမ်းထွက်ပြီးစဉ်းစားလို့ ကိုမရဘူး။
နအဖ ဗိုလ်ချုပ်တွေတွေလည်း ဒီလိုဖြစ်နေပါတယ်။ ပြည်တွင်းရေး မှာရော ပြည်ပဆက်ဆံရေးမှာရော ထစ်ကနဲ ဆိုရင် လုံခြုံရေး၊ အမျိုးသားရေး ( Value) ၊ အမျိုးဘာသာ ( Superstious) တွေခေါင်းထဲကို အရင်ဆုံးရောက်လာတယ်။ အကျိုးစီးပွား ( Interest ) ကပြောက်နေတယ်။
ဒါဟာ ယဉ်ကျေးမှုမဟုတ်ဘူး။ သူတို့ ရဲ့  မျိုးရိုးဗီဇ ( Genetic ) လိုတောင်ဖြစ်လာတယ်။
အခုလည်း နယ်ခြား ဂိတ်ကိုပိတ်လိုက်တယ်။ ချီးမွန်းရာ မကောင်းတဲ့အပြင် ညဏ်နည်းတယ်ဆိုတာကိုပြလိုက်သလိုဖြစ်နေပါတယ်။ တကယ်က နယ်ခြား မျဉ်းတွေကို ရှေးကတည်းက ရေဝေ တောင်ကြော စနစ်နဲ့ ပိုင်းခြားသတ်မှတ်မှု လုပ်ခဲ့တယ်။ ဒီတော့ မြစ်ကြောင်းက အမြဲတမ်း ပြောင်းလဲနေတဲ့ အတွက် မဆုံးနိင်တဲ့ သံသာယာပါ ပတိပက္ခတွေကို ကျနော်တို့ 
ရေရည် ရှင်းရဦးမှာဖြစ်ပါတယ်။ နစ်နိင်ငံအကျိုးတူ ( Symbiosis Interest ) အရ မြစ်ကို ထိမ်းချုပ် ( Harness) လုပ်နိင်တဲ့နည်းတွေကို စဉ်းစားရမယ်။ လုံခြုံရေး ( Security ) ဖက်က စဉ်းစားတာဟာ
စီးပွားရေးကို ထိခိုက်စေတဲ့အပြင်ချီးကြူးဖို့ ကောင်းတဲ့ ယောက်ကျားတယောက်ရဲ့ စဉ်းစားပုံမဟုတ်ဘူး။
အိမ်ပြန်နောက်ကျတဲ့ ယောက်ကျား ( ထိုင်း) ကို မိန်းမ ( နအဖ) က တခါးပိတ်ထားသလို့ နှုတ်ခမ်းကြီး စူပြီး စိတ်ကောက်သလို လုပ်မနေစမ်းပါနဲ့ ။ မြန်မာ သိက္ခာကျတယ်။ ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာ ပြည်သူလူထု အကျိုးစီးပွား ( Interest ) ပေါ်မှာအခြေခံပြီး ဦးစားပေး စဉ်းစားသင့်တယ်
မိုးသီး

10:49 AM
zarni
