ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Friday, October 9, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များတွေ့ဆုံNEJ / ၉ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံမှ သံတမန်များ တွေ့ဆုံဆွေးရန် နအဖစစ်အစိုးရက ယနေ့ခွင့်ပြုလိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့တားမြစ်မှုကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျသံရုံးတို့မှ သံတမန်အကြီးအကဲတို့နှင့် အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြောင်း အစိုးရအရာရှိများကို ကိုးကား၍ နိုင်ငံခြားသတင်းဧဂျင်စီများက ဖော်ပြသည်။အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယခုလ (၇) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင်လည်း စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။တွေ့ဆုံသည့် အကြောင်းအရာအသေးစိတ်ကို သတင်းထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း စက်တင်ဘာ (၂၅) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အရေးယူပိတ်ဆို့တားမြစ်မှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စာပို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်သည်ဟု ထင်မြင်ကြောင်း အန်အယ်လ်ဒီမှ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More