ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲချမှတ်၊ လူ ၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရ
Tuesday, 11 August 2009 17:06

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ယနေ့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်။လေးလကြာ အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရပြီး ထောင်တွင်းအထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသူ သူမအား ယနေ့ နအဖစစ်အစိုးရခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာအရ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု စစ်အစိုးရ ရုပ်သံသတင်းက ထုတ်လွှင့်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ယနေ့ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အဆိုပါရုံးချိန်းသို့ လာရောက်ကြသည့် လူထုမှာ အင်အား ၅,၀၀၀ ကျော်ခန့်ရှိပြီး တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိသည်ဟု ဆုံးဖြတ်ချက်ချခဲ့သဖြင့် မကျေနပ်သည့် လူစုလူဝေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ချီတက်ခဲ့ကြသည်။“လူအုပ်စုတစုက လမ်းလျှောက်ဖို့ ဆော်သြတယ်၊ ဒါနဲ့ လမ်းလျှောက်ကြတော့ အင်းစိန်ဂုံးကျော်တံတားအကျော် ဘော်လုံးကွင်းဒေါင့်ရောက်တော့ လူအုပ်ထဲက ၅၀ လောက်ကို လိုက်ဆွဲပြီး ဒိုင်နာကားတွေနဲ့ ဖမ်းပြီး ခေါ်သွားတယ်၊ တချို့ ဘတ်စ်ကားတွေပေါ် တက်ပြေးတော့ ယာဉ်ထိန်းရဲတွေက ကားကို တားပေးတယ်၊ ကားပေါ်ထိ လိုက်ဖမ်းတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။ဖမ်းဆီးခံရသူများတွင် အင်န်အယ်ဒီပါတီဝင်များ ပါဝင်သလို အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ရှိသည်ဟု ပြောဆိုထောင်ချခြင်းကို မကျေနပ်သည့် သာမာန်ပြည်သူအများစုဖြစ်ပြီး ဖမ်းဆီးခံရသူ ၇၀ ထက်မနည်းရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ယနေ့စစ်အစိုးရရုပ်သံသတင်းအရ မြန်မာပြည်လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေ့ရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်ကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညှာတာထောက်ထားမှုပြုခဲ့သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောကို တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး နေအိမ်တွင် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့ဖြင့် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More