ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Tuesday, June 16, 2009

မပြတ်သားတဲ့ခေါင်းဆောင်မူ၊
လှုပ်ရှားမှု တခုမှာ မှားယွင်းတဲ့ ခေါင်းဆောင်မှု ၊ မပြတ်သားတဲ့ခေါင်းဆောင်မှု တွေထက်စာရင် ခေါင်းဆောင်မရှိတာက ပိုကောင်းတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူတိုင်းက ငါခေါင်းဆောင်ဖြစ်နိင်တယ်လို့ ခံယူနိင်လို့ ပဲ။ ညံဖျင်းတဲ့ ခေါင်းဆောင်မှုက ရှေ့ က နေ ပိတ်နေရင်တော့ လှုပ်ရှားမှု တခုလုံး သေဖို့ တာပြင်ပေတော့။ လုံးဝရေစုံမျှော်တာပဲ။ လှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ မြင့်တက်စေခြင်ရင် ရန်သူကိုလည်းတိုက်ရသလို မှားယွင်းတဲ့ ခေါင်းဆောင်မှုကိုလည်း ဖယ်ရှားဖို့ ကြိုးစားရမယ်။ မှားယွင်းတဲ့ခေါင်းဆောင်မှုတွေကို မဆန်ကျင်တာဟာ ၊ဖယ်ရှားဖို့ မကြိုးစားတာဟာ လူထုဆန်ကျင်ရေးလုပ်ငန်းပဲဖြစ်တယ်။မိုးသီးဇွန်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More